မော်လမြိုင်ဥပစာကောလိပ်ကို (၁၃-၆-၁၉၅၃)ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပါသည်။ (၁-၆-၁၉၆၃)ခုနှစ်တွင် မော်လမြိုင်ကောလိပ်သို့လည်းကောင်း၊ (၂၃-၅-၁၉၇၇)ခုနှစ်တွင် မွန်ပြည်နယ် ဒေသကောလိပ်သို့ လည်းကောင်း၊ (၃၀-၁၁-၁၉၈၁)ခုနှစ်တွင် မော်လမြိုင်ဒီဂရီကောလိပ်သို့ လည်း ကောင်း၊ (၁၂-၂-၁၉၈၆)တွင် မော်လမြိုင်တက္ကသိုလ် အဖြစ်လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ခဲ့ပါသည်။
မော်လမြိုင်တက္ကသိုလ်သည် မွန်ပြည်နယ်၏ မြို့တော်မော်လမြိုင်မြို့တွင် တည်ရှိပါသည်။ မော်လမြိုင်တက္ကသိုလ်ကို ပင်မနယ်မြေ၊ ဥတ္တရနယ်မြေ၊ စက်စဲနယ်မြေဟူ၍ နယ်မြေ(၃)ခု ခွဲခြားထား ပါသည်။ စုစုပေါင်းဧကမှာ (၃၇၄.၃၁)ဧက ရှိပါသည်။
ပင်မနယ်မြေသည် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်၊ တောင်ဝိုင်းတောင်ခြေရှိ မော်လမြိုင် လေယာဉ်ကွင်းအနီးတွင် တည်ရှိပါသည်။ နယ်မြေအကျယ်အဝန်းမှာ(၂၈၂.၉၀)ဧက ကျယ်ဝန်းပါသည်။
ဥတ္တရနယ်မြေသည် မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက် အထက်လမ်းမကြီးပေါ်တွင် တည်ရှိပါသည်။ နယ်မြေအကျယ်အဝန်းမှာ(၆.၃၈)ဧက ကျယ်ဝန်းပါသည်။
စက်စဲနယ်မြေသည် သံဖြူဇရပ်မြို့ နယ်စက်စဲကျေးရွာ ပင်လယ်ကမ်းခြေတွင် တည်ရှိ ပါသည်။ နယ်မြေအကျယ်အဝန်းမှာ(၈၅.၀၃)ဧက ကျယ်ဝန်းပါသည်။