မျှော်မှန်းချက် နှင့် ဖော်ဆောင်ချက်

မျှော်မှန်းချက်

             နိုင်ငံတော်လိုအပ်ချက် ဒေသလိုအပ်ချက်နှင့် လိုက်လျောညီထွေရှိသောပညာရေးကို ဖော်ဆောင်ပေးနိုင်သည့် ပညာရပ်ဆိုင်ရာ အားကိုးအားထားပြုနိုင်သော တက္ကသိုလ်တစ်ခုဖြစ်စေရန်။

ဖော်ဆောင်ချက်

၁။     ပညာရည်ထူးချွန်ပြီး ကိုယ်ရည်ကိုယ်သွေးဗလငါးတန် (ကာယဗလ၊ ဉာဏဗလ၊ စိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ) ပြည်စုံသည့် ဘွဲ့ရများမွေးထုတ်ပေးရန်၊

၂။      အရည်အသွေးပြည့်ဝသော ဆရာ၊ဆရာမများနှင့် အကောင်းဆုံး သင်ရိုးညွှန်းတမ်း၊ သင်ရိုး မာတိကာများဖြင့် ဒေသ၏လိုအပ်ချက်၊ နိုင်ငံတော်၏လိုအပ်ချက်နှင့် လိုက်လျောညီထွေရှိသည့် ပညာရပ်သင်တန်းများဖွင့်လှစ်ပို့ချရန်။

၃။     နိုင်ငံတကာအဆင့်မီပညာရေးစနစ်(Education System)၊ ပညာရေးအရည်အသွေးကို အာမခံ နိုင်မှုစနစ်(Educational Quality Assurance System)၊ စဉ်ဆက်မပြတ် အရည်အသွေး ထိန်းချုပ်သည့်စနစ်(Continuous Quality Management System) များဖြင့် တက္ကသိုလ် ပညာရေးမြင့်မားအောင် ဆောင်ရွက်ရန်။

၄။     အရည်အသွေးပြည့်ဝသည့် သုတေသနများ၊ နည်းပညာဆန်းသစ်ဖွံ့ဖြိုးစေသည့် သုတေသန များ၊ အသုံးချသုတေသနများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတများ ရည်ရှည် ဖွံ့ဖြိုးမှုကို အထောက်အကူပြုသည့် သုတေသနများ၊ ဒေသတွင်းစီးပွားရေး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် ချိတ်ဆက်ပြီး Research and Development  Research and Extension  သုတေသနများဆောင်ရွက်ရန်။

၅။     နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ပြီး ပညာသင်ကြား၊သင်ယူမှု(Academic)ကဏ္ဍ၊ သုတေသန(Research) ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ပြီး တက္ကသိုလ်ဘွဲ့ရများကို နိုင်ငံတကာကအသိအမှတ်ပြုနိုင်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေးများ စီစဉ် ဆောင်ရွက်ပေးရန်။